ဖုန်းခေါ်ဆိုရာတွင် အသုံးဝင်သော setting များကိုစုစည်းထားရာနေရာ တစ်ခုဖြစ်ပါတယ်။ ဒီထဲမှာပါဝင်တဲ့ setting များကို
ချိန်ညှိအသုံးပြုခြင်းဖြင့် Mobile Phone ခေါ်ဆိုမှု့ကို ကောင်းနိုးရာရာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Fixed Dialing Numbers ::: အသုံးပြုခေါ်ဆိုလိုသောဖုန်း ID များကို ပုံသေသတ်မှတ်ထားရန် အတွက်အသုံးပြုတဲ့ option တစ်ခုဖြစ်ပါတယ်။
အခြားသော Call ဆိုမှု့များကို ပြုလုပ်နိုင်မည်မပာုတ်ပဲ သတ်မှတ်ထားသော Call ခေါ်ဆိုမှု့များကိုသာခွင့်ပြုမှာပါ။
Enable FDN ::: Fixed Dialing Number Service Access ကို Enable ပြုလုပ်လို့ရမဲ့ option ဖြစ်ပါတယ်။
Change PIN-2 ::: Fixed Dialing Number Service Access ကို ရရှိစေန် အသုံးပြုသောနံပါတ်ဖြစ်ပါတယ်။
FDN List ::: ပုံသေခေါ်ဆိုနိုင်မည့် စာရင်းဖြစ်ပါတယ်။ ထိုစာရင်းတွင်သာ ပါဝင်သောဖုန်းနံပါတ်များကိုသာ ခေါ်ဆိုခွင့်ပြုမှာ ဖြစ်ပါတယ်။
Voice Mail Service ::: Voice Mail Service ပာာ အလိုအလျောက်ဖုန်းလက်ခံနိုင်တဲ့ Service တစ်ခုဖြစ်ပါတယ်။
Device ပိုင်ဆိုင်သူသည် အကြောင်းတစ်စုံတစ်ခုအရ ဖုန်းဖြေကြားမှု့မပြုလုပ်နိုင်ပါက တစ်ဖက်မှဆက်သွယ်သူသည်
ပြောကြားလိုသောအကြောင်းအရာများကို ပြောကြားထားခဲ့နိုင်ပါသည်။
Voice Mail Number ::: Voice Mail Number အဖြစ် အသုံးပြုလိုသောနံပါတ် သတ်မှတ်ထားနိုင်သော နေရာဖြစ်ပါသည်။
Call Forwarding ::: ဒီ option ကိုအသုံးပြုရန်အတွက် Mobile Operator များထံသို့ Forwarding Service ကို လျှောက်ထားရန် လိုအပ်ပါတယ်။
လျှောက်ထားပြီးပါက Forward လုပ်လိုသော ဖုန်းနံပါတ်များကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Alway Forward ::: Alway Forward ကိုရွေးချယ်အသုံးပြုပါက ဖုန်းခေါ်ဆိုလာသောအခါ Target ဖုန်းသို့ Incoming Call ၀င်ရောက်
လာမှာမပာုတ်ဘဲ Forward လုပ်ထားသော ဖုန်းကိုသာဝင်ရောက်သွားမှာ ဖြစ်ပါတယ်။
င်္Forward When Busy ::: Target ဖုန်းမအားသောအခါ ပေးထားသောဖုန်းကို Forward လုပ်ပေးမဲ့ option ဖြစ်ပါတယ်။
င်္Forward When unanswer ::: Target ဖုန်းသည်သတ်မှတ်အချိန်အတွင်း လက်ခံဖြေကြားမှု့မရှိပါက Forward ပြုလုပ်ပေးမည်။
င်္Forward When unreachable ::: Target ဖုန်းသည် ဆက်သွယ်မှု့ဧရိယာပြင်ပတွင်ရောက်ရှိနေပါက Forward ပြုလုပ်ပေးမည်။
– Additional Settings –
Call Setting များအတွက်ဖြည့်စွက်ထားတဲ့ Setting တစ်ခုဖြစ်ပါတယ်။ အသုံးပြုပုံများကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
Caller ID ::: Caller ID သည် ခေါ်ဆိုသောဖုန်းတွင် ကိုယ့်ဖုန်းနံပါတ်ကို ဖျောက်ထားရန်အတွက်အသုံးပြုပါတယ်။
Network Default ::: ဒီ option ပာာပုံမှန်အားဖြင့်ဖော်ပြထားသော Network Setting အတိုင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။
Hide Number ::: Hide Number option ကို ရွေးချယ်ထားပါက တစ်ဖက်အသုံးပြုသူရဲ့ ဖုန်းတွင်ခေါ်ဆိုသူရဲ့ဖုန်းနံပါတ်ကို မမြင်ရအောင်
အသုံးပြုနိုင်တဲ့ option ဖြစ်ပါတယ်။
Show Number ::: Caller ID ကို တစ်ဖက်ဖုန်းတွင် မြင်တွေ့နေစေမဲ့ option ဖြစ်ပါတယ်။
Call Waiting ::: Call Waiting ဆိုတာကတော့ ကိုယ့်ဖုန်းပာာ Call Connection တစ်ခုအတွင်း လက်ခံအသုံးပြုနေသည့်အချိန်များတွင်
တစ်ခြားဖုန်းတစ်ခုဝင်ရောက်လာပါက စောင့်ဆိုင်းနေစေရန်အတွက် အသုံးပြုသော service တစ်ခုဖြစ်ပါတယ်။
အခြားအသုံးပြုနိုင်တဲ့ service တွေလဲရှိပါသေးတယ်။ အဲဒါတွေကတော့
-1- Caller Ring Back Tone ::: ဖုန်းခေါ်ဆိုရာတွင် တစ်ဖက်မှကြားရတဲ့အ၀င် Call Tone ကို သတ်မှတ်နိုင်ရန်ပေးထားတဲ့ service ဖြစ်ပါတယ်။
သက်ဆိုင်ရာ Operator တွေမှာလျှောက်ထား ရပါမယ်။
-2- Fax Service ::: ဖုန်းကို Fax Machine အဖြစ် အသုံးချရန်အတွက် အသုံးပြုနိုင်မှာပါ။ ဒီ option ကိုတော့ CDMA 800 MHz တစ်ခုထဲတွင်သာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
– SD Card & Phone Storage Setting –
ဖုန်းအတွင်းတွင်ထည့်သွင်းထားသော SD Card နှင့် ဖုန်းအတွင်းတွင်ပါဝင်သော မှတ်ဥာဏ်ပမာဏကို ၀င်ရောက်ကြည့်ရှူရာတွင် ဒီ option
ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Unmount SD Card ::: ဖုန်းမပိတ်ပဲ SD card ကို ဆွဲထုတ်လိုက်ပါက အခန့်မသင့်ရင် SD Card ပျက်စီးနိုင်ပါတယ်။ ဖုန်းမပိတ်ချင်ရင်တော့
Unmount SD Card ဆိုတဲ့ option ကို အသုံးပြုပြီးမှ SD Card ကို ဖြုတ်စေလိုပါတယ်။
Format SD Card ::: SD Card ကို Format ပြုလုပ်ရန်အတွက် ဒီ option ကို အသုံးပြုနိုင်ပါတယ်။
– Backup & Restore Setting ( PRIVACY Setting ) –
ဖုန်းအတွင်းရှိအချက်အလက်များကို သိမ်းဆည်းထားနိုင်ရန် နှင့် ပြန်လည်ဖော်ယူနိုင်ရန် ဒီ option ကို အသုံးပြုနိုင်ပါတယ်။
Backup my Data ::: ဖုန်းအတွင်းရှိအချက်အလက်များကို အလိုအလျောက် သိမ်းဆည်းထားရန်အတွက် အသုံးပြုနိုင်တဲ့ option ဖြစ်ပါတယ်။
Automatic Restore ::: application တစ်ခုကို Reinstall ပြုလုပ်ရာတွင် ပျက်စီးသွားသော Application data များကို ဒီ option ကနေ
အလိုအလျောက်ပြန်လည် ဖော်ယူနိုင်မှာဖြစ်ပါတယ်။
Factory Data Reset ::: ဖုန်းအတွင်းရှိ ရှိရှိသမျှ အချက်အလက်များ /application များ / Data များကို ဖျက်ပစ်ရန်အတွက် အသုံးပြု
နိုင်တဲ့ option ဖြစ်ပါတယ်။ Factory Data Reset ပြုလုပ်ပြီးရင်တော့ ဖုန်းပာာ အသစ်တစ်လုံးအတိုင်း
ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
– VOICE Input & Output Setting –
အသံဖြင့်ထိန်းချုပ်ခြင်း / အသံဖြင့် Message ပို့ခြင်း / အသံဖြင့်ဖုန်းခေါ်ဆိုမှု့များ ပြုလုပ်စေရန် အသုံးပြုနိုင်ပါသည်။
Voice recogintion Setting ::: ဖုန်းအတွင်းရှိ လုပ်ဆောင်ချက်များကို အသံဖြင့်ခိုင်းစေနိုင်သော အချက်အလက်တစ်ခုဖြစ်ပါတယ်။
Text-to-Speech Setting ::: အသံဖြင့်ထိန်းချုပ်နိုင်သော စာရေးစေသည့် နည်းတစ်ခုဖြစ်ပါတယ်။
အသံဖြင့်ထွက်ဆိုသောအခါ ဖော်ပြပါ option မှစာဖြင့် လိုက်ရေးစေနိုင်သည့် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
– ACCESSIBILITY Setting –
မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီးလုပ်ဆောင်ထားတဲ့ option တစ်ခုလဲ ဖြစ်ပါတယ်။ မျက်စိမမြင်သူများ / နားမကြားသူများ
အတွက် အထူးသင့်လျော်တဲ့ option တစ်ခုလဲဖြစ်ပါတယ်။
Accessibility ::: ကိုယ်အဂ်ါချို့တဲ့သူများအတွက် အထူးပြုလုပ်ထားတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ယင်းကိုဖွင့်ထားခြင်းဖြင့်
TalkBack Option ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
TalkBack ::: Password မှ လွဲပြီး အားလုံးသောရိုက်ထည့်သမျှ စာလုံးများကိုအသံထွက်ဖြင့် လိုက်ရွတ်ဖတ်ပေးမှာ ဖြစ်ပါတယ်။
The Power Key ends call ::: ဒီ option ကို ဖွင့်ထားလျှင် ဖုန်းပြောနေချိန်အတွင်း ဖုန်းချလိုပါက Power Key ကို နှိပ်ခြင်းဖြင့်
အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
– About Phone Setting –
Baseband version ကတော့ ဖုန်းထုတ်လုပ်ရာ ဒေသအတွက်သတ်ဆိုင်ရာ Code များကိုသတ်မှတ်ပေးခြင်း ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့်
Firmware ပျက်စီးသွားတဲ့အခါ ပြန်လည်ထည့်သွင်းရန် Firmware ပြန်လည်ရှာဖွေတဲ့အခါ Basdband version ကို သိရှိထားရန်လိုအပ်ပါတယ်။
ပထမစာလုံးများပာာ Phone Model ဖြစ်ပြီး နောက် စာလုံးများသည် Regoinal ဖြစ်သည့်အတွက် ဒုတိယစာလုံးများကို သိရှိထားရမှာဖြစ်ပါတယ်။
( ဥပမာ – I9300DCL11 ဆိုပါစို့ … I9300 သည် Phone Model ဖြစ်ပြီး DCL11 သည် Region Code ဖြစ်သောကြောင့် DCL11 ကို သိရှိထားရန်
လိုအပ်ပါသည်။ )
Build Number ကတော့ Baseband version နှင့် သဘောတရားပိုင်းတူကာ ထုတ်လုပ်သောနံပါတ်ကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ အချို့ေ
သာ
ဖုန်းများတွင် Build Number ကိုသာ အသုံးချရမည်ဖြစ်ပါသည်။
Credit;
Ko Htoo( MMAS )


No comments:
Post a Comment