Welcome From My Page
  • Breaking News
    Friday, June 24, 2016
    Android Service သမားတိုင်း သိထားသင့်သောအကြောင်းများ
    [ Bootloader ဆိုတာဘာလဲ ]
    Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
    အစိတ်အပိုင်းလေးကိုခေါ်ပါတယ်။ Bootloader ထဲမှာ OS kernal ကို
    စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်။ Bootloader က Internal
    Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
    တည်ရှိမှာဖြစ်ပြီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
    ပါပဲ။
    [ Bootloader ဘယ်လိုအလုပ်လုပ်တာလဲ ]
    Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်။
    ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်။ Boot
    Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
    အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ်။ အရင် ဆုံး BSS segment ကို
    0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်။ main.c
    ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
    keypad, console တို့ကိုစတင်စေမယ်။ ပြီးရင် Linux Tags ကိုဖန်တီးပြီး Linux
    Kernel image ကို Memory ကနေ ၀င်တင်မယ်။
    [Botloader ရွေးချယ်မှု]
    Bootloader က Phone မှာပါဝင်တဲ့ အခြားမည်သည့် software မဆိုရဲ့အဦးဆုံး
    စတင်တဲ့အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
    အလွန်အရေးကြီးလှပါတယ်။ Android OS က Open Source ဖြစ်တဲ့အတွက်
    ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
    ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်။ Android
    ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကိုအမြဲတမ်း Locked ချထားပါတယ်။
    ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
    သူတို့ထုတ်လုပ်တဲ့ OS version နဲ့ပဲတွဲသုံးစေချင်လို့ပါ။ Bootloader ကို
    Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး။ ဒါကြောင့် Custom
    ROM Install လုပ်လိုရင် Bootloader ကိုအရင် Unlock လုပ်ရပါတယ်။
    [ Kernel ဆိုတာဘာလဲ ]
    Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
    IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်။ High Level
    Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်။ ခုပြောမှာက
    Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်။
    Android သုံးသမျှပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်။ ဒါပေမယ့် Linux
    Operation System ကသုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
    Kernel မှာ Android အတွက်သီးသန့် Build-in code တွေပါနေပါတယ်။
    ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
    အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
    အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်။ Gingerbred kernel အတွက်
    သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
    မဟုတ်ပါဘူး။ ဒီကစ္စကလည်း အရေးကြီးပါတယ်၊ Kernel ရဲ့ အဓိကအလုပ်က Hardware
    ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ။ kernel ကိုရေးတဲ့ ကုတ်တွေလည်း
    တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓိက တာဝန်ကတော့ Hardware နဲ့ Software
    တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ။
    Software တစ်ခုက ဘယ်လိုအလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
    အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
    ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်။ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
    လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်။ ဖုန်း Screen
    အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
    ချိတ်ဆက်ပြီးဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
    စသဖြင့် အလုပ်မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
    ကိုတိုက်ရိုက်မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်။ အဲ့ဒီ့ အခါမှာ
    Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်။ (ဥပမာ)
    ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
    မှာ ကလစ်တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ။
    ခလုပ်ကိုနှိပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
    ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
    ကလည်းရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
    ကိုလှမ်းပို့မယ်။ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်။ ဒီလို တစ်ခုက
    Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
    Hardware ကိုပြန်ပေးပါတယ်။
    အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
    အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပြီး Hardware ကို
    ခိုင်းစေရမှာဖြစ်ပါတယ်။ Kernel က ကြားခံပေးထားတဲ့အတွက် Application
    Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
    Resquest တွေအလွယ်တစ်ကူပို့နိုင်ပြီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
    Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
    လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
    လုပ်ပေးစရာလို့ပါတယ်။
    [ CWM ဆိုတာဘာလဲ ]
    CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်။ CWM ကို Android သုံး ဖုန်း
    နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်။ ဒီလို CWM သုံးပြီး recover
    လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်။ CWM recovery လုပ်ခြင်းအားဖြင့်
    Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
    ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
    ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
    အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်။ Android အခြေခံ အဆင့် ကို
    နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပြီး Recovery လုပ်ရင် အခက်အခဲ
    တွေ့နိုင်သလို CWM recovery က အစွမ်းကိုလည်း သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်။
    Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
    memory ထဲ ထည့်ပြီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်။ recover console ကနေ
    Boot တက်နိုင်ပါတယ်။ အကယ်၍ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာပြီးဆိုရင်
    ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်
    zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်။ ဒီလို
    အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
    အလုပ်မျိုးကိုလုပ်နိုင်ပါတယ်။ Custom Recovery ကတော့ Stock Recovery
    လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
    ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
    Options တွေပါလာပါတယ်။ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
    ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်။ အခြား Application Update
    လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
    အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
    ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
    များဖြတ်ပစ်ခြင်း Permission များပြောင်းလြဲခင်း resotre နဲ့ Backup မှာ
    စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
    အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်။
    ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်။ Android
    ROM Manager ကို Develop လုပ်တဲ့သူပါပဲ။ သူ့ရဲ့ Hacking away at Android
    devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်။
    [ Firmware နဲ့ ပက်သက်သမျှ ]
    Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software
    program ကိုဆိုလိုပါတယ်။ Window computer တွေမှာသုံးတဲ့ window7 install
    လုပ်သ လိုပါပဲ။ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့
    Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android
    Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ။ ဖုန်းတိုင်းမှာ မတူညီတဲ့
    Firmware နဲ့ installation Tool တွေရှိပါတယ်။ ဒါ့ကြောင့် ကြိုက်တဲ့
    ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး။
    တစ်ခုတော့ရှိတယ်။ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
    ကိုဆိုလိုပါတယ်။ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့
    သဘောပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်ပြီး ROM ထဲက Firmware ကို Update
    လုပ်နိုင်မှာလဲလို့တွေးစရာပါ။ သဘောတရားအရ တော့ ROM ထဲမှာ Firmware
    ရှိတယ်ပေါ့။ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
    Firmware ကိုထည့်ရေးကုန်ကြပါတယ်။ ဖုန်းရဲ့ Firmware ကို ROM လို့လည်းခေါ်တယ်။
    အကြောင်းကတော့ သီအိုရီသဘောမှာ Firmware က ROM ထဲမှာရှိတယ်။ ROM ဆိုတာ Read
    Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM
    ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့
    Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash
    meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊
    ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့။
    [ Flashing ဆိုတာဘာလဲ ]
    Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
    ထည့်သွင်းတာကိုဆိုလိုပါတယ်။ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data
    တွေကို ပြန်ရေးခြင်းပါပဲ။ Android ဖုန်းမှာ Custom ROMs ကို Stock ROMs
    အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့
    Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
    [ Rooting ဆိုတာဘာလဲ ]
    Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို
    လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access
    လုပ်ကြပါတယ်။ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
    ရတယ်လို့ခေါ်ပါတယ်။ Root Access ရသွားရင် Android File System ကို
    စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့
    အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
    Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
    ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပြီ။ ဒါတင်မကပါဘူး
    ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
    Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
    (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လည်း
    အသုံးပြုနိုင်ပါပြီ။ Android System ရဲ့ လုပ်ဆောင်မူတွေထဲက
    ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary
    commands တွေလဲ အသုံးပြုနိုင်သွားပါတယ်။ အခြား အခြား သော
    အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်။ ဒီအချက်တွေက Root
    လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်။
    ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software
    restrictions တွေပါလာပါတယ်။ ဒီလို Software Restrictions တွေပါလာရတဲ့
    အကြောင်း အမျိုးမျိုးရှိပါတယ်။ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကို
    အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်။
    ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android
    ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့
    ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့
    ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်။ ဒီလို
    အကာ အစီးကို ကျော်ဖြတ်ပြီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access
    ရဖို့ကြိုးစားကြပါတယ်။
    Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက
    ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်
    မရှိအသုံးပြုခြင်းပါပဲ။ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို
    ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို
    ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်။
    [ Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ ]
    Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်။ Stock ROM က
    ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software
    Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့
    Operation System ဖြစ်နေပါတယ်။ Custom ROM ဆိုတာကတော့ OS Version
    တစ်ခုပါပဲ။ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
    တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်။ System Applications တွေပါမယ်။
    Services တွေပါမယ်။ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
    ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ။ ဒီတော့ Custom
    ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ။ Android က Open Source ဖြစ်တဲ့ အတွက်
    Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်။ ပြီးရင် စိတ်ကြိုက်
    ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်။
    ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်။ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်
    ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်။ ဒီလို
    စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ။
    [ ADB ဆိုတာဘာလဲ ]
    ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ။ သူ နာမည်အတိုင်းပါပဲ
    သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့
    တံတားတစ်စင်းပါ။ Android Phone က Linux Kernel ကို အခြေခံထားပါတယ်။ ဒီတော့
    computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client
    ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်။ ဒီလိုလုပ်ပြီး commands တွေကို
    အလုပ်လုပ်စေနိုင်ပါတယ်။ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ
    ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ။
    ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့
    ဖုန်းကို Linux Commands တွေပို့ပြီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB
    ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး။
    [ Baseband ဆိုတာဘာလဲ ]
    Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်။ ဖုန်း
    Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်။
    Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN
    တို့ကလဲ Flash လုပ်နိုင်ပါတယ်။ Raido (သို့) Modem နဲ့ ROM Version တို့
    ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ
    တတ်နိုင်ပါတယ်။ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)
    Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့
    bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။
    Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions
    တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်။ အကယ်၍
    ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ
    တွေ့ကြုံနေရပြီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပြီ။
    Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို
    ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ
    ရှော့ချပေးနိုင်ပါတယ်။
    ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်။ ဒီ Chipsets
    တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့
    ကုမ္မဏီတွေက Develop လုပ်ကြပါတယ်။
                                                MGN MOBILE မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်၊
    No comments:
    Post a Comment
    Fashion
    Subscribe via Email
    Beauty
    Culture