Welcome From My Page

  • Breaking News

    Friday, July 1, 2016

    Hide Window Partition

    Windows Operating System တွင် မိမိ၏ Partition ကို အခြားသူများ ဝင်ရောက် အသုံးမပြု စေလိုတဲ့ အခါမှာ Partition ကို ဝှက်ထားနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ အတွင်းမှာ အရေးကြီး အချက်အလက်များကို သိမ်းထားသူတွေ အနေနဲ့ မိမိရဲ့အချက်အလက်ကို အခြားသူများ အလွယ်တကူနဲ့ ဝင်ရောက် မကြည့်ရှုနိုင် စေရန်နဲ့ အသုံးမပြု နိုင်စေရန်အတွက် Hard Disk Partition ကို ဖျောက်ထားနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
    Partition ကို ဖျောက်ထားဖို့အတွက် Run Box ကိုဖွင့်ရမှာ ဖြစ်ပါတယ်။ Run Box ကိုဖွင့်ဖို့အတွက် Win + R Key ကိုနှိပ်လိုက်ပါ။ ပြီးသွားရင် cmd ဆိုတဲ့ Command ကိုအသုံးပြုပြီး Command Prompt ထဲကို သွားရမှာ ဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် diskpart ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
    Diskpart လမ်းကြောင်းအောက်ကို ရောက်ပြီဆိုရင် မိမိကွန်ပျူတာ အတွင်းမှာ အသုံးပြုထားတဲ့ Drive တွေကို သိရှိနိုင်ဖို့အတွက် list volume ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် မိမိကွန်ပျူတာ အတွင်းမှာ တပ်ဆင်ထားတဲ့ Hard Disk ရဲ့ Partition တွေနဲ့ အခြားသော Drive တွေကို ဖော်ပြပေးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    Partition တွေကို မြင်ရပြီဆိုရင် မိမိဖျောက်ထားချင်တဲ့ Partition အပိုင်းကို မှတ်သားပြီး ဖျောက်ပစ်ဖို့အတွက် select drive number ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ Select ဆိုတဲ့ Command ကိုသာ အသုံးပြုရမှာဖြစ်ပြီး Drive နေရာမှာမိမိ Partition မှာပေးထားတဲ့ Volume Name နဲ့ Number ဆိုတဲ့နေရာမှာ list volume command အသုံးပြုတုန်းက ဖော်ပြထားတဲ့ မိမိရဲ့ Partition Number ကို ထည့်သွင်း ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ Volume Number 3 ကို ဖျောက်ချင်တယ်ဆိုရင် select volume 3 ဆိုပြီး Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
    ဒါဆိုရင် ကိုယ်ဖျောက်ထားချင်တဲ့ Partition ကို ဝှက်ထားပြီးတဲ့ အဆင့်ဖြစ်ပါတယ်။ အကယ်၍ မိမိကိုယ်တိုင် အဆိုပါ Partition ကိုပြန်လည် အသုံးပြုလိုတဲ့ အခါမျိုးမှာ Command Prompt ထဲတွင် diskpart ကို ပြန်ရိုက်ထည့်ပြီး Diskpart လမ်းကြောင်းအောက်ကို သွားရပါမယ်။ Diskpart လမ်းကြောင်းထဲကို ရောက်ပြီဆိုရင် remove letter driveLetter ဆိုတဲ့ command ကို  အသုံးပြုရပါမယ်။ Driveletter ကတော့ ကိုယ်ဖျောက်ထားတဲ့ Partition က D: ဒါမှမဟုတ် E: အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Drive D: ကို ဖျောက်ထားတယ်ဆိုရင် remove Letter D ဆိုပြီး Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
                                         Credit" Interjournal

    1 comment:

    Fashion

    Subscribe via Email

    Beauty

    Culture